07 March 2021 အိန္ဒိယ လယ်သမားသပိတ် ရက် ၁၀၀... ကမ္ဘာ့သတင်း. United Nations Myanmar. Updated news in Rakhine State. သတင်း; စစ်ရေး ; နိုင်ငံရေး; RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ် By. ပြည်သူ့တပ် ဖွဲ့စည်းပါက စစ� သာဝနှင့်အပေါင်းအပါများသို့အသိပေးစာ အာဏာသိမ်းစစ်အုပ်စုကို ICC နိုင်င... ံ တကာ ရာဇဝတ်တ� နိုင်ငံပြင်ပ သတင်း ဌာနကြီးများ ဖြစ်သည့် ဘီဘီစီ (BBC)၊ ဝေါလ်စထရိဂျာနယ် (Wall Street Journal) နှင့် ဖိုင်နင်းရှယ်တိုင်မ်း (Financial Times) တို့အပြင် အမေရိကန်နှင့် ဂရိတ်ဗ� 0. မြန်မာနိုင်ငံ (တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်) သည် အရှေ့တောင်အာရှတွင် ဧရိယာအားဖြင့် ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်သည်။[၈] ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ (အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင် လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား ("Burma") ဟုသာ အသိအမှတ်ပြု သုံးစွဲခဲ့သည်[ကိုးကားချက်လိုသည်]။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ နိုင်ငံတော်အလံကိုလည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တွင် သတ်မှတ်ထားသည့် နိုင်ငံတော် အလံ ဖြင့် အစားထိုး၍ ပြောင်းလဲ အသုံးပြုခဲ့သည်။ [၉], ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အင်္ဂလိပ်ဘာသာဖြင့် (Burma) ဘားမားကို မြန်မာဟု ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းသည် အငြင်းပွားစရာ ဖြစ်ခဲ့သည်[ကိုးကားချက်လိုသည်]။ ယေဘုယျအားဖြင့် မြန်မာသည် ၁၃၅မျိုးသော တိုင်းရင်းသားအားလုံး ကို ကိုယ်စားပြု၍ ဗမာ သည် ယင်း ၁၃၅ မျိုး အနက်မှ ဗမာလူမျိုးစု ကိုသာ ကိုယ်စားပြုသည်။ ဤအမည်နာမကို လွန်ခဲ့သည့် ၁၂ ရာစုခန့်ကတည်းက သုံးစွဲလာခဲ့ကြသည်[ကိုးကားချက်လိုသည်]။ ဗမာမှာ လူများစုဗမာမျိုးနွယ်စု၏ ခေါ်ရာတွင် တရားဝင်ခေါ်သော အသုံးဖြစ်သည်။ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်က ဗမာကို အင်္ဂလိပ်အခေါ် ဘားမား (Burma) ဟုသုံးခဲ့ကြသည်။ စစ်အစိုးရက 'မြန်မာ'သည် 'ဗမာ'ထက် လူနည်းစုများအား ပိုမိုခြုံငုံမိသည့် အချက်ကို ရောင်ပြန်ဟပ်စေလို၍ ဖြစ်သည်။ သမိုင်းကြောင်းအရ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမည်နာမ မရှိခဲ့ချေ။ လက်ရှိအနေ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီအာဏာပိုင်များမှ ရှေးခေတ်ဗမာပြည်၏ အစိတ်အပိုင်း မည်သည့်အခါကမျှ မဖြစ်ခဲ့ဖူးသော အစွန်အဖျားဒေသ(ဗမာစကားမသုံးသော လူမျိုးများ နေထိုင်ရာဒေသ) များကိုထည့်သွင်းပြီး ဖန်တီးထားသောနယ်မြေဖြစ်သည်[ကိုးကားချက်လိုသည်]။, အနောက်နိုင်ငံများက စစ်အစိုးရကို လက်မခံသည့်အတွက် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အား တရားဝင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်မရှိဟု ယူဆကြသည်[ကိုးကားချက်လိုသည်]။ ထို့ကြောင့် ၎င်းတို့သည် မြန်မာဘာသာဖြင့် မြန်မာနိုင်ငံဟု လက်ခံသုံးစွဲသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ဘားမားဟု ဆက်လက်သုံးစွဲလျှက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် သုံးနှုန်းသည့်အခါ သုံးစွဲသူအလိုက် "ဘားမား"သို့မဟုတ် "မြန်မာ"ကို ရွေးချယ်သုံးစွဲကြပြီး နည်းပညာအားဖြင့် အပြန်အလှန် ဖလှယ်သုံးစွဲနိုင်သော စကားလုံးများ ဖြစ်ကြသည်။, နိုင်ငံပြင်ပ သတင်းဌာနကြီးများ ဖြစ်သည့် ဘီဘီစီ (BBC)၊ ဝေါလ်စထရိဂျာနယ် (Wall Street Journal) နှင့် ဖိုင်နင်းရှယ်တိုင်မ်း (Financial Times) တို့အပြင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်အစိုးရများကပါ မြန်မာနိုင်ငံကို ဘားမားဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိပြီး စီအင်အင် (CNN)၊ အီကော်နော်မစ် (The Economist)၊ နှင့် နယူးယောက်တိုင်မ်း (New York Times) တို့ကမူ မြန်မာဟူသည့် အသုံးအနှုန်းကို တိုင်းပြည်အဖြစ်လည်း ကောင်း၊ ဘားမီစ်ဟူသည့် စကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း လက်ခံကျင့်သုံးနေပြီဖြစ်သည်။[၁၀][၁၁], ဂရိတ်ဗြိတိန်၊ ကနေဒါနိုင်ငံ၊ ဩစတြေးလျနှင့် အမေရိကအစိုးရများသည် ဘားမား (Burma) ကို ဆက်လက်အသုံးပြုကြသည်။[၁၀][၁၂] သို့သော် ဥရောပသမဂ္ဂသည် ဘားမား/မြန်မာ (Burma/Myanmar) နှစ်မျိုးလုံးကို တွဲသုံးသည်။[၁၃] တရုတ်နိုင်ငံသည် မြန်မာဟု မသုံးဘဲ ၎င်းတို့ထုံးတမ်းအခေါ်အဝေါ်အတိုင်း မြန်တျန့် (缅甸) ဟုသုံးသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား မြန်မာ (ミャンマー) ဟုခေါ်သော်လည်း မြန်မာလူမျိုးများအား ဘားမိစ် (Burmese) (ビルマ人) ဟု ဆက်လက်သုံးစွဲသည်။ ပြင်သစ်နိုင်ငံသည် အခြားနိုင်ငံအများစုကဲ့သို့ပင် ယခင်သုံးစွဲနေကျ ဘာသာပြန်ကိုသုံးပြီး မြန်မာပြည်ကို ဗိရ်မနီ (Birmanie) ဟုခေါ်ကြသည်။[၁၄][၁၅], ၂၀၁၅ ခုနှစ် အစိုးရအသစ်တက်လာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းအခြေစိုက် သံရုံးရှိ သံအမတ်ကြီးများ၊ စစ်သံမှူးများ နှင့် ကောင်စစ်ဝန်များကို နေပြည်တော်တွင် တွေ့ဆုံကာ မြန်မာ ဟုခေါ်ခေါ် ဗမာ ဟုခေါ်ခေါ် အရေးမကြီးကြောင်း ပြောဆိုခဲ့သည်[ကိုးကားချက်လိုသည်]။, ယနေ့ မြန်မာမှုအဖြစ် ပုံဖော်ပေးခဲ့သည့် ယဉ်ကျေးမှုမှာ နှစ်ပေါင်း အတော်အတန်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများက သက်သေထူနိုင်သည်။ ရှမ်းပြည်နယ် ပြဒါးလင်းလိုဏ်ဂူအတွင်းရှိ ဂူနံရံပန်းချီများသည် ရှေးဟောင်းသုတေသီများ တွေ့ရှိထားသည့် ခေတ်ကာလ အစောဆုံး သမိုင်းသက်သေအထောက်အထားများ ဖြစ်သည်။, မွန်လူမျိုးများသည် အောက်ပိုင်းဧရာဝတီမြစ်ဝှမ်းဒေသသို့ အစောဆုံး ရွှေ့ပြောင်းခဲ့ကြသူများ ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြပြီး ၎င်းတို့သည် ဘီစီ ၉၀၀ ပြည့်လယ်ခေတ်တွင် မြန်မာနိုင်ငံတောင်ပိုင်း၌ ကြီးစိုးလွှမ်းမိုးလာကြသည်။ မွန်လူမျိုးများသည်လည်း အရှေ့တောင်အာရှဒေသတွင် ထေရဝါဒဗုဒ္ဓဘာသာကို အစောဆုံး ကိုးကွယ်ယုံကြည်ကြသည့် လူမျိုးဖြစ်သည်။ [၁၆] ပျူလူမျိုးတို့သည် ဘီစီ ပထမရာစုနှောင်းပိုင်းတွင် အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာကြပြီး မြို့ပြ၊ တိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြသည်။ အင်အားအတောင့်တင်းဆုံးပျူနိုင်ငံတော်မှာ သီရိခေတ္တရာဖြစ်သည်။ မွန်နှင့် ပျူတိုင်းပြည်တို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပျူလူမျိုးများသည် ၆၅၆ ခုနှစ်တွင် သီရိခေတ္တရာကို စွန့်ခွာပြီး မြောက်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ပျူတို့တစ်စခန်း ပြန်ထခဲ့ကြသော်လည်း ၈၀၀ ခုအလယ်ပိုင်းတွင် နန်ချောင်နိုင်ငံမှ (လက်ရှိ တရုတ်နိုင်ငံ ယွင်နန်ပြည်နယ်) သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။, ဗမာ တို့သည် ၇ ရာစုနှစ်ခန့်မှစ၍ ယနေ့တိဗက်ဒေသမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဆင်းသက်ခဲ့ကြသည်။ အေဒီ ၈၄၉ ခုနှစ်ခန့်တွင် ပုဂံကို အခြေပြု၍ အင်အားတောင့်တင်းသည့် မင်းနေပြည်တော်တစ်ခုကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်းတရားကြီး (၁၀၄၄ – ၁၀၇၇) နန်းတက်ခဲ့သည့်ကာလက ဗမာလူမျိုးများ၏ ဩဇာမှာ ယနေ့မြန်မာနိုင်ငံတစ်လွှားသက်ရောက်လွှမ်းမိုးခဲ့သည်။ ၁၁၀၀ ခုနှစ်တွင်မူ အရှေ့တောင်အာရှတိုက်၏ ဒေသအတော်များများကို ပုဂံမင်းနေပြည်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကို အများက ပထမမြန်မာအင်ပါယာအဖြစ်လက်ခံကြသည်။ ၁၂၀၀ ခုနှစ်အနှောင်းပိုင်းကာလတွင် ကူဗလိုင်ခန် ဦးဆောင်သော မွန်ဂိုတို့က ပုဂံနေပြည်တော်အား သိမ်းပိုက်ခဲ့ကြသည်။, သို့သော် ၁၃၆၄ ခုနှစ်တွင် မြန်မာများသည် အင်းဝဒေသတွင် မိမိတို့၏ မင်းနေပြည်တော်ကို တည်ထောင်ခဲ့ကြပြီး မြန်မာ့ယဉ်ကျေးမှု၏ ရွှေရောင်လွှမ်းသော ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ သို့သော် ၁၅၂၇ ခုနှစ်တွင် ရှမ်းများက အင်းဝကို ဖျက်ဆီးပစ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် မွန်တို့သည် ပဲခူးကို အခြေပြုပြီးအဓိကကျသော ကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေး ဗဟိုအချက်အခြာအဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။, အင်းဝမှ ထွက်ပြေးခဲ့ကြသော ဗမာများသည် ၁၅၃၁ ခုနှစ်တွင် တောင်ငူ၌ တောင်ငူမင်းနေပြည်တော်ကို တပင်ရွှေထီးလက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည် မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည်လည်းကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ ဘုရင့်နောင် မင်းတရားကြီးသည် မဏိပူရ၊ ဇင်းမယ်နှင့် အယုဓျာတို့အား သိမ်းသွင်း၍ နိုင်ငံတော်ကြီးအား ချဲ့ထွင်ခဲ့သည်။, သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော အနောက်ဖက်လွန်မင်းတရားကြီးသည် ၁၆၁၃ ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင် ထူထောင်ခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သော မွန်တို့ကြောင့်နေပြည်တော်ကျဆုံးခဲ့သည်။, ၁၇၅၂ ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ပြီး တတိယမြန်မာအင်ပါယာကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် မြေဒူးမင်းတရားကြီးက အယုဓျာနိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက ထိုင်းယဉ်ကျေးမှုအပေါ်အတော်လွှမ်းမိုးစေခဲ့သည်။ တရုတ်ပြည် ချင်မင်းဆက်သည် မြန်မာတို့၏ ကြီးထွားလာသော အင်အားကို စိုးရိမ်းသဖြင့်မြန်မာကို ၁၇၆၅ ၁၇၆၉ ခုနှစ်ကာလတွင်း တရုတ် - မြန်မာ စစ်ပွဲများလေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်မင်းဆက်များက အယုဓျာအား စွန့်လွှတ်ခဲ့ရသော်လည်း ရခိုင်နှင့် တနင်္သာရီတို့ကို ရရှိခဲ့သည်။, ၁၈၂၄ ခုနှစ်ဘကြီးတော်မင်းတရားလက်ထက်တွင် စစ်သူကြီးမဟာဗန္ဓုလသည် အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏ နယ်မြေနှင့် ထိစပ်နေသော အာသံပြည်နယ်ကို သိမ်းပိုက်ရာမှ စစ်မီးပွားခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရန္တပိုတွင် စာချုပ်ချုပ်၍ ငြိမ်းစေခဲ့ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့် တနင်္သာရီဒေသများကို စွန့်လွှတ်ခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် သာယာဝတီမင်းတရားကြီးသည် နယ်စပ်ပြဿနာများမှ ပေါ်ပေါက်လာသည့် အခင်းများမှ အင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကို အကြောင်း ပြုပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖန်တီးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အင်္ဂလိပ်တို့သည် ကျန်ရှိနေသေးသည့် ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတို့အား သိမ်းပိုက်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာကောက်တော်များသည် ဘုရင့်အမိန့်တော်အရ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာမှ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီသည် သစ်များကို တရားမဝင်ခုတ်လှဲပြီး အခွန်တိမ်း ရှောင်ရန် ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ သီပေါမင်းသည် ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည် ကို ဗြိတိသျှတို့ဘက်မှ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် အခွင့်အရေးအဖြစ် ယူဆခဲ့ပြီး ၁၈၈၅ ခုနှစ်နိုဝင်ဘာတွင် ရက်သတ္တ နှစ်ပတ်တည်းနှင့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ဆင်နွှဲခဲ့လေသည်။ သီပေါမင်းတရားကြီးနှင့် တကွ တော်ဝင်မိသားစုဝင်များအား ဖမ်းဆီးခဲ့ပြီး မဒြစ်သို့ ပြည်နှင် ဒဏ်ပေးခဲ့၍ နောက်ဆုံးတွင် ရတနာဂီရိသို့ ပို့ဆောင်ခဲ့ကြသည်။, မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ် နိုဝင်ဘာကုန်ပိုင်းတွင် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုအဖြစ် ကျရောက်သွားခဲ့ပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆက်သခဲ့ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသည် သီးခြားအုပ်ချုပ်နယ်မြေဖြစ်လာပြီး အိန္ဒယနိုင်ငံနှင့် ခွဲခဲ့သည်။ တိုင်းပြည်အတွင်းခွဲရေးတွဲရေး အရေးအခင်းကြောင့် ပေါ်ပေါက်လာသော အက်ကွဲကြောင်းသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းဆက်ဖြစ်လာသည့် ပြည်တွင်းဆူပူသောင်းကျန်းမှုများ၏ မြစ်ဖျားခံရာအဖြစ် တွေ့ရှိရမည်ဖြစ်သည်။, ၁၉၄၀ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်ခဲ့ကြသည်။[၁၇][၁၇] ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံတွင် စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။[၁၇], ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစစ်မျက်နှာတွင် အရေးပါသည့် အခန်းကမှ ပါဝင်ခဲ့သည်။ စစ်ပွဲ၏ ကနဦးပိုင်း မြန်မာပြည်စစ်ဆင်ရေးတွင် ဂျပန်ဦးဆောင်မှုသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ဗြိတိသျှများအား မြန်မာပြည်အနှံ့မှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော်မဟာမိတ်များက ပြန်လည်တုံ့ပြန်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်တွင် မဟာမိတ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ မြန်မာများသည် အစပိုင်းတွင် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း မြန်မာအချို့တို့သည် ၁၉၄၁-၁၉၄၂ ခုနှစ်များတွင် အင်္ဂလိပ်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၃ ခုနှစ်တွင် ချင်းတပ်နှင့် ကချင်တပ်များကို ဗြိတိသျှတို့ ထိန်းချုပ်သည့် နယ်စပ်ဒေသများတွင် ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် ၁၉၄၃-၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏ လက်အောက်၌ ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြားများစွာသော တပ်ဖွဲ့များမှာ ဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များ အောက်တွင် ပါဝင်ခဲ့ကြသည်။ ဗမာ့လွတ်မြောက်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရခိုင်အမျိုးသားတပ်မတော်နှင့် အတူဂျပန်တို့ဘက်မှ ပါဝင်၍ ၁၉၄၂-၁၉၄၄ ခုနှစ်များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အား ပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။, ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံ တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁၉၄၇ ဇူလိုင်တွင် နိုင်ငံရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရအဖွဲ့ဝင်အချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။[၁၇], ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ပထမဦးဆုံး သမ္မတ အဖြစ် စဝ်ရွှေသိုက် နှင့် ပထမဦးဆုံး ဝန်ကြီးချုပ်ဦးနု တို့ တာဝန်ယူခဲ့သော လွတ်လပ်သည့် သမ္မတနိုင်ငံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရပ်တည်ခဲ့လေသည်။ အခြားဗြိတိသျှကိုလိုနီနိုင်ငံများနှင့် မတူညီဘဲဓနသဟာယအဖွဲ့ဝင်အဖြစ်မပါဝင်ခဲ့ချေ။ အထက်လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန်စနစ်ကို ကျင့်သုံးခဲ့သည်။[၁၈], ယနေ့မြင်တွေ့ရသော မြန်မာနိုင်ငံသည် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံတို့ ပါဝင်သည့်မြန်မာပြည်မနှင့် ဗြိတိသျှတို့သီးခြားအုပ်ချုပ်ခဲ့သည့် နယ်ခြားဒေသတို့ကို ပူးပေါင်း၍ ဖွဲ့စည်းထားပြီး ပင်လုံစာချုပ်အရဖြစ်လာသော နယ်မြေအဖြစ်ဇစ်မြစ်လိုက်၍ ရလေသည်။[၁၉] ၁၉၆၁ ခုနှစ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်အဖြစ်နှင့် ယခင်ဝန်ကြီးပေး ခဲ့ဘူးသည့် ဦးသန့်သည် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။[၂၀], နိုင်ငံကို ၂၆ နှစ်တိုင်တိုင်အုပ်ချုပ်ခဲ့သည့် နေဝင်း ဦးဆောင်သော စစ်အစိုးရက အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရပ်စဲသွားပြီး မြန်မာ့ဆိုရှယ်လစ်စနစ်လမ်းစဉ်ကို စတင်ခဲ့သည်။[၂၁] ၁၉၇၄ ခုနှစ်တွင် ဦးသန့်၏ ဈာပနအခမ်းအနားမှ စတင်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်အတူ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့သည်။[၂၁] ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ (၈၈၈၈) တွင် တော်လှန်ရေးတစ်ရပ်၏ ဖြစ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တန်ပြန်အနေနှင့် ဗိုလ်ချုပ်စောမောင်မှ အာဏာသိမ်းယူခဲ့သည်။ ၎င်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ်များအား ရွေးချယ်တင်မြောက်မည့် စီမံချက်များကို ၁၉၈၉ ခုနှစ် မေ ၃၁ တွင် အပြီးသတ် ရေးဆွဲခဲ့ကြသည်။[၂၂], ၁၉၉ဝ ခုနှစ် မေတွင် လွတ်လပ်သော ရွေးကောက်တင်မြောက်ပွဲကို နှစ် ၃၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ စုစုပေါင်း အမတ်နေရာ ၄၈၉ အနက် ၄၀၉ နေရာကို အနိုင်ရရှိခဲ့သည်။[၂၃]
How Many Japanese Aircraft Carriers Survived Ww2,
Personal Loan Mobile App,
Bank Mobile Customer Service,
Ziaire Williams College,
Cadiz Vs Levante Forebet,
Ruth Martin Silence Of The Lambs,
Uva Sports Roster,
What Was Shepherd Book's Secret,